MyanmarING Second Camp Latest Updates on 16th December 2009
MyanmarING Second Camp ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၉ နှင့် ၂၀ တွင် နံနက် ၉ နာရီမှ ညနေ ၅း၃၀ အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းပေါ်တွင်ရှိသော သမ္မတဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ ယခင်က UMFCCI တွင်ကျင်းပမည်ဟုလျာထားသော်လည်း သမ္မတဟိုတယ်၊ J. S. Furnivall Hall သို့ပြန်လည်ပြောင်းရွှေ့ ကျင်းပမည် ဖြစ်သည်။
1st Camp တွင် တစ်ရက်တည်းသာကျင်းပခဲ့သော်လည်း 2nd Camp တွင် နှစ်ရက်ကျင်းပမည်ဖြစ်သည်။ စာတမ်း တင်သွင်းသူပေါင်း (၁၆) ဦးအထိလက်ခံရရှိပြီးဖြစ်သည်။ 1st Camp ကဲ့သို့ပင် လက်ရှိ IT နယ်ပယ်ကိုဦးဆောင် နေသော ပညာရှင်များကိုလည်း Key Note Speakers များအဖြစ်ဖိတ်ကြား၍ ဟောပြောပေးရန်ဖိတ်ကြား ထားပြီးဖြစ်သည်။
စာတမ်းတင်သွင်းရန် ယခင်က ကဏ္ဍ(၃)ခုခွဲခြားထားသော်လည်း ယခုအခါခွဲခြားထားမှုများမရှိတော့ပါ။ အကောင်းဆုံး စာတမ်းရှင်ဆုကို (၂)ဦးသာပေးတော့မည်ဖြစ်သည်။ စာတမ်းဖတ်ကြားနေစဉ်တွင် Session Chaiman အဖြစ် ကိုကောင်းမြတ်ထွဋ်ကဆောင်ရွက်မည်ဖြစ်သည်။ Session Chaiman သည် စာတမ်းဖတ်သူများကို မိတ်ဆက်ပေးခြင်း၊ အချိန်ကိုထိန်းပေးခြင်း၊ အမေးအဖြေများကို ထိန်းပေးခြင်းနှင့် စာတမ်းအပေါ် Comment ပေးရန်တို့ဖြစ်သည်။
အကောင်းဆုံးစာတမ်းရှင်များကို ဆုချီးမြှင့်ရာတွင် MyanmarING member များကိုမည်သည့်အကြောင်းနှင့်မှ ပေးမည်မဟုတ်ပါ။ MyanmarING member စာတမ်းရှင်များအနေဖြင့် မဲပေးခံရာတွင် မဲအရေအတွက် ရာခိုင်နှုန်း အများဆုံးရရှိနေပါက ထိုသူထက် တစ်ဆင့်နိမ့်သော MyanmarING member မဟုတ်သူကို ဆုပေးသွားမည် ဖြစ်သည်။
MyanmarING member များအပါအ၀င် စာတမ်းတင်သွင်းသူများအချင်းချင်း၊ ဖိတ်ကြားထားသောပညာရှင်များ၊ စာနယ်ဇင်းများနှင့် စိတ်ဝင်စားသောလာရောက်နားထောင်သူပညာရှင်များမှ မဲ(အမှတ်)များပေးရမည်ဖြစ်သည်။ ရထား သောမဲအမှတ်များကို မဲပေးသူအရေအတွက်ဖြင့်ပြန်စားပြီး အများဆုံးရသူကို ဆုချီးမြှင့်မည်ဖြစ်သည်။ Session Chairman အနေဖြင့်မဲပေးရာတွင်ပါဝင်မည်မဟုတ်ဘဲ အမှတ်တူညီနေသေည့် အခြေအနေမျိုးတွင်သာ အဆုံးအဖြတ်မဲကို ပေးမည် ဖြစ်သည်။
2nd Camp ကျင်းပရေးနှင့်ပတ်သက်၍ Sponsor များကိုလည်း ဖိတ်ကြားလိုပါသည်။ Sponsor နှစ်မျိုးရှိပါသည်။ ငွေကြေး ပမာဏတစ်ခု ထောက်ပံ့မှု (သို့မဟုတ်) အမှတ်တရပစ္စည်း ဝေငှမှု (သို့မဟုတ်) နှစ်မျိုးစလုံးဖြစ်စေ မိမိတို့ နှစ်သက်သလိုထောက်ပံ့ပေးစေလိုပါသည်။
အမှတ်တရပစ္စည်းဝေငှသူများသည် Camp Organizing Committee members, ဖိတ်ကြားထားသော ပညာရှင်များ၊ စာနယ်ဇင်းများနှင့် စာတမ်းဖတ်ကြားသူများအားလုံးကို လုံလောက်အောင်ဝေငှပေးရမည်ဖြစ်သည့်အပြင် အကောင်းဆုံး စာတမ်းဆုရသူများကိုဆုချီးမြှင့်ရာတွင်ပါ ပါဝင်ရမည်ဖြစ်သည်။ လာရောက်နားထောင်သည့် ၀ါသနာရှင်များကိုလည်း ဝေငှ ပေးစေလိုပါသည်။ ဝေငှမည့်ပစ္စည်းတန်ဖိုးကို မသတ်မှတ်ထားပါ။
Sponsor များအနေဖြင့် (၁၀) မိနစ်ထက်မပိုသော Presentation ဖြင့် မိမိတို့အဖွဲ့အစည်းအကြောင်း (သို့မဟုတ်) နှစ်သက်ရာ ခေါင်းစဉ်တစ်ခုဖြင့် ဟောပြောခွင့်ရမည် ဖြစ်သည်။ သတ်မှတ်ထားသော နေရာများတွင် ကြော်ငြာ ခွင့်ရမည်ဖြစ်သည်။
ယခုနောက်ဆုံးရရှိထားသောသတင်းများအရ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ရန် register လုပ်ထားသူများ (၅၀) ကျော်ရှိနေပြီ ဖြစ်သည်။ ၁၇ ဒီဇင်ဘာတွင် (၇၀) ကျော်ရှိပြီဖြစ်သည်။
အထူးအစီအစဉ်အရ December 4 တွင် Myanmar Egress တွင်ပြောကြားခဲ့သော Disaster ဖြစ်နေချိန်တွင် Wireless အသုံးချမှုနှင့်ပတ်သက်၍လည်း Practical လုပ်ပြနိုင်ရန်အထိ စီစဉ်ထားသည်။


