MyanmarING ၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ
စတင်ဖွဲ့စည်းချိန်မှစ၍ နှစ်စဉ်ကျင်းပခဲ့သော MyanmarING ၏ အိုင်တီနည်းပညာဆိုင်ရာ စာတမ်း ဖတ်ပွဲကို ယခုနှစ်တွင်လည်း တတိယအကြိမ်မြောက် ဆက်လက်ကျင်းပရန် စီစဉ်ထားပါသည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် အဆိုပါစာတမ်းဖတ်ပွဲအား Myanmar Info-Tech အတွင်းရှိ Function Hall 1 တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၂ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် MyanmarING သို့ တင်သွင်းလာသော စာတမ်းများအား စာတမ်းရှင်များက ဖတ်ကြား တင်ပြကြမည့် အစီအစဉ်များအပြင် ယခုနှစ် စာတမ်းဖတ်ပွဲ၏ အဓိကခေါင်းစဉ်ဖြစ်သော “ICT for Education (ICT4E)” နှင့်အညီ အိုင်တီနှင့် ပညာရေး နယ်ပယ်များမှ အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ၏ အိုင်တီနည်းပညာများအကြောင်း ဟောပြာကြမည့် seminar အစီအစဉ်များ၊ မြန်မာနိုင်ငံ ပညာရေး ဖွံ့ဖြိုးမှုအတွက် အိုင်တီနည်းပညာ အသုံးပြုနိုင်မှု အကြောင်းအရာများအား ဆရာကြီး/ဆရာမကြီးများနှင့် အပြန်အလှန် ဆွေးနွေးနိုင်မည့် panel discussion အစီအစဉ်များ၊ ပျော်ရွှင်ဖွယ် game activity များနှင့် ကြိုးမဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာတစ်ခုဖြစ်သော DUMBO နည်းပညာဆိုင်ရာ သရုပ်ပြမှုများ လည်း ပါဝင်မည် ဖြစ်ပါသည်။ တက်ရောက်လာသူများအား ကော်ဖီနှင့် မုန့်ဖြင့်လည်း တည်ခင်းဧည့်ခံ သွားမည် ဖြစ်ပါသည်။
သို့ပါ၍ နည်းပညာကို စိတ်ပါဝင်စားသည့် မည်သူကိုမဆို MyanmarING ၏ တတိယအကြိမ် စာတမ်းဖတ်ပွဲသို့ တက်ရောက်နိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ စာတမ်းဖတ်ပွဲ၏ နေ့အလိုက် အစီအစဉ်များကိုလည်း မကြာမီ MyanmarING Web Page (www.myanmaring.asia) တွင် ကြည့်ရှုနိုင်ရန် လွှင့်တင်ထားပေးမည် ဖြစ်ပါသည်။ အခြားသိလိုသည်များရှိပါက contact@myanmaring.asia This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ အီးမေးလ်ဖြင့်ဖြစ်စေ၊ ကိုရဲမင်းသွင်း (၀၉-၅၀၈၀၈၃၆) မပြုံးမြတ်ခိုင် (၀၉-၅၀၂၄၂၅၉) သို့ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ link တွင် ကြိုတင်၍ register လုပ်နိုင်ပါပြီ။
Registration Form —> http://goo.gl/Yl0qm


