MyanmarING - Home MyanmarING stand for Myanmar Internet & Networking Group MyanmarING mission is to promote the Internet and the coordination of network inter-connectivity in Myanmar. Open Myanmar next generation to the global Internet communities Provide a place to share knowledge and experiences between researchers, system operator, industry contributors and students. http://www.myanmaring.asia/index.php?option=com_content&view=frontpage Sun, 05 Sep 2010 04:11:41 +0000 Joomla! 1.5 - Open Source Content Management en-gb တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲအတွက် ဖိတ်ခေါ်ခြင်း http://www.myanmaring.asia/index.php?option=com_content&view=article&id=77:2010-07-07-12-08-51&catid=38:pressrelease&Itemid=79 တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲအတွက် ဖိတ်ခေါ်ခြင်း

Myanmar Internet Networking Group (MyanmarING) သည် ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် အိုင်တီ နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲများကို ပုံမှန် ကျင်းပလာခဲ့ရာ ယခုအခါ တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းတွင် ကျင်းပသွားရန် စီစဉ်လျက် ရှိပါသည်။ ပထမအကြိမ် စာတမ်းဖတ်ပွဲတွင် မြန်မာလူငယ် ၁၁ ဦး၊ ဒုတိယအကြိမ်တွင် ၁၅ ဦး တက်ရောက်စာတမ်းဖတ်ခဲ့ကြပါသည်။ ထို့ကြောင့် ယခုအကြိမ်တွင်လည်း မြန်မာလူငယ် ပညာရှင်များ ပါဝင်စာတမ်းဖတ်နိုင်ကြပါရန် ဖိတ်ခေါ်ပါသည်။

စိတ်ပါဝင်စားပြီး အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူ မည်သူမဆို စာတမ်းများ ရေးသားပေးပို့နိုင်ပါသည်။

၁။ စာတမ်းတင်သွင်းသူသည် အသက် ၃၅ နှစ်မပြည့်သေးသည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

၂။ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် သင်တန်းကျောင်း တစ်ခုခုမှ ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘွဲ့ သို့မဟုတ် ဒီပလိုမာ တစ်ခုခု ရရှိ/တက်ရောက်ဆဲဖြစ်ရမည်။ သို့မဟုတ် ကွန်ပျူတာနယ်ပယ်တွင် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်နေသူ ဖြစ်ရမည်။  ]]> frontpage Wed, 07 Jul 2010 12:08:50 +0000 MyanmarING ဆိုသည်မှာ http://www.myanmaring.asia/index.php?option=com_content&view=article&id=59:myanmaring- MyanmarING ဆိုသည်မှာ Myanmar Internet and Networking Group ဖြစ်ပါသည်။ MyanmarING သည် Asia Pacific Networking Group (APNG) အဖွဲ့ကြီး၏ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းတွင်မူ MyanmarING သည် အိုင်တီပညာရပ်နှင့်ပတ်သက်၍ ၀ါသနာကြီးသော လူငယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ APNG မှအခြေပြုခဲ့ပြီး ပြည်တွင်းတွင် Myanmar Egress နှင့်လက်တွဲ IT ပညာတိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

ခံယူထားသည့် တာဝန်

MyanmarING မှ ခံယူထားသည့် တာဝန် (Mission) မှာ မြန်မာနိုင်ငံအတွင်း အင်တာနက်နည်းပညာအား အားပေး အထောက်အကူပြုရန်နှင့် တည်ရှိနေသော နည်းပညာဆိုင်ရာ ကွန်ယက်၊ အဖွဲ့အစည်းများအား အချင်းချင်း အပြန်အလှန် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရေးပင် ဖြစ်ပါသည်။

ရည်ရွယ်ချက်

MyanmarING ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များအား နိုင်ငံတကာ အင်တာနက် အသိုက်အ၀န်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး လမ်းဖွင့်ပေးရန်နှင့် သုတေသီများ၊ စနစ်ကိုင်တွယ် ထိန်းသိမ်းသူများ၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ကျောင်းသားများအကြား အတွေ့အကြုံနှင့် ဗဟုသုတများ ဖလှယ်ရာ နေရာတစ်ခု ဖန်တီးပေးရန်တို့ ဖြစ်ပါသည်။

]]>
frontpage Fri, 23 Jan 2009 06:41:51 +0000