MyanmarING

MyanmarING ၏ ဒုတိယမြောက် စာတမ်းဖတ်ပွဲ ကျင်းပမည် PDF Print E-mail
Written by MyanmarING Webmaster   
Sunday, 20 September 2009 14:11

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းပေါ်တွင်ရှိသော သမ္မတဟိုတယ်တွင် MyanmarING 1st Camp ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ စာတမ်းတင်သွင်းသူ (၁၁)ဦးရှိခဲ့ပြီး၊ ဖိတ်ကြားထားသူများအပါအ၀င် စိတ်ပါဝင်စားသူများ တစ်ရာခန့်တက်ရောက်ခဲ့ကြသည်။ 1st Camp ကဲ့သို့အလားတူ 2nd Camp ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် ကျင်းပရန်လျာထားသည်။

1st Camp တွင် တစ်ရက်တည်းသာကျင်းပခဲ့သော်လည်း 2nd Camp တွင် နှစ်ရက်ကျင်းပရန် လျာထားသည်။ နေရာအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး (UMFCCI) ခန်းမတွင် ကျင်းပရန်စီစဉ်ထားသည်။ စာတမ်းတင်သွင်းသူပေါင်း (၃၀) ခန့်အထိ ရရှိမည်ဟု ခန့်မှန်းထားသည်။ 1st Camp ကဲ့သို့ပင် လက်ရှိ  IT နယ်ပယ်ကိုဦးဆောင်နေသော ပညာရှင်များကို လည်း Key Note Speakers များအဖြစ်ဖိတ်ကြား၍ ဟောပြောပေးရန်လည်းစီစဉ်ထားသည်။  

 

စာတမ်းတင်သွင်းရန် က(၃)ခုကိုအောက်ပါအတိုင်းခွဲခြားထားသည်။ ကဏ္ဍတစ်ခုချင်းစီအလိုက် အကောင်းဆုံးစာတမ်းရှင်များကို ဆုချီးမြှင့်သွားမည်ဖြစ်သည်။

(၁)     IT and Network Technology

(၂)     E-Culture

(၃)     Student

MyanmarING ၏ Working Groups များသည် APNG Working Groups များကဲ့သို့ဖွဲ့စည်းထားခြင်းဖြစ်သည်။ APNG ၏ Working Groups များအကြောင်းအသေးစိတ်သိလိုပါက http://www.apng.org/11thcfp.htm တွင်ကြည့်နိုင်ပါသည်။

IT and Network Technology သည်နည်းပညာပိုင်းကို ပိုမိုဦးစားပေးသည်။ နည်းပညာကိုလေ့လာသည်ထက် မြန်မာနိုင်ငံအတွက်လိုအပ်နေသော ကိစ္စများအတွက် Solution ပေးရန်မျှော်လင့်သည်။ ကဏ္ဍတွင် ဘွဲ့၊ Diploma ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ IT နယ်ပယ်တွင်အလုပ်လုပ်သက် သုံးနှစ်ကျော်သည့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။ အကယ်စာတမ်းတင်သွင်းသူ (၅)ဦးနှင့်အောက်ဖြစ်ပါက ကဏ္ဍအတွက် ဆုချီးမြှင့်မည်မဟုတ်ပါ။

E-Culture သည်နည်းပညာထက် Policy, Business, Social ပိုင်းများနှင့်ပိုမိုနီးစပ်သော ကဏ္ဍဖြစ်သည်။ Application များနှင့်ပတ်သက်၍စာတမ်းများတင်သွင်းရန်လည်းမျှော်လင့်ထားသည်။ IT နယ်ပယ်တွင်သာမက မည်သည့်နယ်ပယ်ကမဆို စာတမ်းများတင်သွင်းနိုင်သည်။ ခေါင်းစဉ်များကို ဥပမာပေးရလျှင် Journalism and Blogs, IT in Medicine and Health Care, Geographic Information System, etc. အကယ်စာတမ်းတင်သွင်းသူ (၅)ဦးနှင့်အောက်ဖြစ်ပါက ကဏ္ဍအတွက် ဆုချီးမြှင့်မည်မဟုတ်ပါ။

Student ကဏ္ဍသည် IT နှင့်ပတ်သက်၍ Certificate, Diploma နှင့် Undergraduate level ရှိသောကျောင်းသား၊ ကျောင်းသူများအတွက်ရည်ရွယ်သည်။ အကယ်စာတမ်းတင်သွင်းသူ (၅)ဦးနှင့်အောက်ဖြစ်ပါက ကဏ္ဍအတွက် ဆုချီးမြှင့်မည်မဟုတ်ဘဲ စာတမ်းတင်သွင်းသူများကို အခြားသက်ဆိုင်ရာ ကဏ္ဍများအောက်သို့ပြောင်းလဲ၍စာတမ်းဖတ်ကြားစေမည်ဖြစ်သည်။

စာတမ်းတင်သွင်းရာတွင် English ဖြင့်သာ သတ်မှတ်ထားသည့်ပုံစံအတိုင်းစာတမ်းတင်သွင်းရမည်ဖြစ်သည်။ Presentation လုပ်မည့် Power point file ကိုပါတွဲတင်ရမည်။ A4 နှင့်နှစ်မျက်နှာမကျော်ရဘဲ၊ Font size and Format များကိုသတ်မှတ်ပေးထားသော Format file တွင်ကြည့်ရှုနိုင်သည်။ စာတမ်းတင်သွင်းသူများသည် မိမိကိုယ်တိုင်ရေးသားရမည်ဖြစ်ပြီး Reference များကိုပါစာတမ်းထဲတွင်ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ စာတမ်းတစ်ခုကို သုံးဦးအထိပူးပေါင်းရေးသားနိုင်သော်လည်း စာတမ်းဖတ်ကြားရာတွင် တင်သွင်းသူများအနက်မှ တစ်ဦးသာဖတ်ကြားရမည်ဖြစ်သည်။ စာတမ်းဖတ်ကြားရာတွင် power point file ဖြင့် (၁၀)မိနစ်မှ (၁၂)မိနစ် အကြားဖတ်ကြားရမည်ဖြစ်သည်။ မြန်မာ၊ English နှစ်ဘာသာအနက် နှစ်သက်ရာဘာသာဖြင့် ဖတ်ကြားနိုင်သည်။ Plagiarism ကိုစစ်ဆေးမည်ဖြစ်ပြီး ခိုးယူကူးထားကြောင်းတွေ့ပါက ပါဝင်ခွင့်ပြုမည်မဟုတ်ပါ။

စာတမ်းတင်သွင်းသူများသည် ၂၀၀၉ နိုဝင်ဘာလ (၂၀) နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး နိုဝင်ဘာ (၃၀) ရက်နေ့တွင် အခမ်းအနား တက်ရောက်ခွင့် ရမည့်သူများအား ထုတ်ပြန်ကြေငြာပေးမည် ဖြစ်သည်။

ကဏ္ဍတစ်ခုချင်းစီအလိုက်စာတမ်းဖတ်ကြားနေစဉ်တွင်စီစဉ်ကျင်းပရန်အတွက် Session Chaiman များထားရှိမည်ဖြစ်သည်။ IT and Network ကို ကိုသက်အောင်မင်းလတ်၊ E-Culture ကို ကိုကောင်းမြတ်ထွဋ်နှင့် Student ကို ကိုရဲမင်းသွင်တို့က Session Chairman များအဖြစ်ဆောင်ရွက်ကြမည်ဖြစ်သည်။ Session Chaiman များသည် စာတမ်းဖတ်သူများကို မိတ်ဆက်ပေးခြင်း၊ အချိန်ကိုထိန်းပေးခြင်း၊ အမေးအဖြေများကို ထိန်းပေးခြင်းနှင့် စာတမ်းအပေါ် Comment ပေးရန်တို့ဖြစ်သည်။

အကောင်းဆုံးစာတမ်းရှင်များကို ဆုချီးမြှင့်ရာတွင် MyanmarING member များကိုမည်သည့်အကြောင်းနှင့်မှ ပေးမည်မဟုတ်ပါ။ ထို့ကြောင့် MyanmarING member များမှအပ အခြားစာတမ်းတင်သွင်းသူများကို မဲစနစ်ဖြင့်ရွေးချယ်သွားမည်ဖြစ်သည်။ အမှတ်ပေးရာတွင် Paper  နှင့် Presentation ဟူ၍နှစ်ပိုင်းရှိမည်ဖြစ်သည်။

Paper အတွက်စာရေးအသားကောင်းမွန်မှု၊ အချိန်မီတင်သွင်းမှု၊ Reference များစုံလင်ပြီး Plagiarism ကင်းစင်မှု၊ လက်တွေ့ဆန်ပြီးအသုံးဝင်မှုတို့ကိုစဉ်းစားပြီး ၂၀% အထိရှိမည်ဖြစ်သည်။ ကျန် ၈၀% ဖြစ်သည့် Presentation  အပိုင်းတွင် MyanmarING member များအပါအ၀င် စာတမ်းတင်သွင်းသူများအချင်းချင်း၊ ဖိတ်ကြားထားသောပညာရှင်များ၊ စာနယ်ဇင်းများနှင့် စိတ်ဝင်စားသောလာရောက်နားထောင်သူပညာရှင်များမှ မဲ(အမှတ်)များပေးရမည်ဖြစ်သည်။ မဲပေးသူတစ်ဦးအနေဖြင့်အနည်းဆုံး Presentation ၃ခုနားထောင်ထားရမည်ဖြစ်သည်။ ရထားသောမဲအမှတ်များကို မဲပေးသူအရေအတွက်ဖြင့်ပြန်စားပြီး အများဆုံးရသူကို ဆုချီးမြှင့်မည်ဖြစ်သည်။ Session Chairman များအနေဖြင့်မဲပေးရာတွင်ပါဝင်မည်မဟုတ်ပါ။

စာတမ်းတင်သွင်းသူများအနေဖြင့်စိတ်ပါဝင်စားမှုရှိပါက MyanmarING member များအဖြစ်ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။ အသင်းလှုပ်ရှားမှုများတွင် တက်ကွစွာ ပါဝင်ပြီးနောက် အသင်းထောက်ခံမှုဖြင့် ပြည်ပစာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများတွင်ပါဝင်ခွင့်ရမည်ဖြစ်သည်။ ပြည်ပစာတမ်းဖတ်ပွဲများအနေဖြင့် APNG 10th Camp 2008 တွင် ကိုသက်အောင်မင်းလတ်နှင့် ကိုနေယံဦး၊ APNG 11th Camp 2009 တွင် ကိုသက်အောင်မင်းလတ်၊ ကိုကောင်းမြတ်ထွဋ်နှင့် မပြုံးမြတ်ခိုင် တို့ပါဝင်တက်ရောက်ခဲ့ကြပြီး ဖြစ်သည်။ APNG 12th Camp ကို ၂၀၁၀၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် နှစ်နေရာရပြီး ဖြစ်သည်။ စာတမ်းဖတ်ကြားရန်ဖိတ်ကြားခံရပါက ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးသော Full Scholar နှင့်လေယာဉ်စရိတ်တစ်ဝက်ကို စာတမ်းဖတ်သူမှပေးရသော Partial Scholar ဟူ၍ ပုံစံနှစ်မျိုးဖြင့် ထောက်ပံ့ပေးမည် ဖြစ်သည်။

2nd Camp ကျင်းပရေးနှင့်ပတ်သက် Sponsor များကိုလည်း ဖိတ်ကြားလိုပါသည်။ Sponsor နှစ်မျိုးရှိပါသည်။ ငွေကြေးပမာတစ်ခု ထောက်ပံ့မှု (သို့မဟုတ်) အမှတ်တရပစ္စည်း ဝေငှမှု (သို့မဟုတ်) နှစ်မျိုးစလုံးဖြစ်စေ ထောက်ပံ့ပေးစေလိုပါသည်။ ငွေကြေးပမာဏနှင့်ပတ်သက် US$100 နှင့်အထက်လှူဒါန်းထောက်ပံ့မှုပြုပါက Main Sponsor အဖြစ်သတ်မှတ်မည်ဖြစ်ပြီး၊ အမှတ်တရပစ္စည်းဝေငှပါက Co-Sponsor အဖြစ်သတ်မှတ်မည်ဖြစ်သည်။

အမှတ်တရပစ္စည်းဝေငှသူများသည် Camp Organizing Committee members, ဖိတ်ကြားထားသော ပညာရှင်များ၊ စာနယ်ဇင်းများနှင့် စာတမ်းဖတ်ကြားသူများအားလုံးကို လုံလောက်အောင်ဝေငှပေးရမည်ဖြစ်သည့်အပြင် အကောင်းဆုံးစာတမ်းဆုရသူများကိုဆုချီးမြှင့်ရာတွင်ပါ ပါဝင်ရမည်ဖြစ်သည်။ လာရောက်နားထောင်သည့် ၀ါသနာရှင်များကိုလည်း ဝေငှပေးစေလိုပါသည်။ ဝေငှမည့်ပစ္စည်းတန်ဖိုးကို မသတ်မှတ်ထားပါ။

Main Sponsor များအနေဖြင့် (၁၀)မိနစ်ထက်မပိုသော Presentation တစ်ခုဖြင့် မိမိတို့အဖွဲ့အစည်းအကြောင်း (သို့မဟုတ်) နှစ်သက်ရာ ခေါင်းစဉ်တစ်ခုဖြင့် ဟောပြောခွင့်ရမည် ဖြစ်သည်။ ၄င်းနောက် Camp နှင့်ပတ်သက်သော ကြောငြာများတွင်လည်း Main Sponsor အနေဖြင့် Logo အသုံးပြုခွင့်ရမည်ဖြစ်သည့်အပြင် သတ်မှတ်ထားသော နေရာများတွင် ကြော်ငြာခွင့်ရမည်ဖြစ်သည်။ Co-Sponsor များအနေဖြင့် Camp နှင့်ပတ်သက်သောကြောငြာများတွင်လည်း Co-Sponsor အနေဖြင့် Logo အသုံးပြုခွင့်ရမည်သော်လည်း သတ်မှတ်ထားသောနေရာများတွင် အကန့်အသတ်ဖြင့်သာကြော်ငြာခွင့်ရမည်ဖြစ်သည်။ Presentation လုပ်ခွင့်မပေးပါ။

Last Updated on Saturday, 03 October 2009 12:31
 

Member Login

Username

Password

Remember me
Lost password ?


You are here  : Home Press Release MyanmarING ၏ ဒုတိယမြောက် စာတမ်းဖတ်ပွဲ ကျင်းပမည်

Documents for Camp

Fellowship Form

Proceeding Template

Sample Papers

Sample Presentation

more titles and samples from APNG here!

Support

Page Rank Check